လွှတ်တော်ဒုတိယဥက္ကဋ္ဌစာသင်ကျောင်း ခြံစည်းရိုးဆောက်လုပ်ပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးကြည်ဇင်သည် ဇန်နဝါရီလ ၂၄ ရက်နေ့နံနက် ၁၀ နာရီခွဲတွင် ကျောက်တံခါးမြို့နယ်၊ ဆင်ဇလုပ်အုပ်စု၊ မိုးမခ ကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း ခြံစည်းရိုး တည်ဆောက်နေမှု အခြေအနေအား ကျောက်တံခါးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦး၊ ကျောင်းအကျိုးတော်ဆောင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှုကာ လိုအပ်သည် များမှာကြားခဲ့ကြောင်း သိရသည်။   […]

Read More…

ကျောင်းဆောင်သစ် ပန္နက်တင်အခမ်းအနားတက်ရောက်

ရွှေတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေသည် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည် ထောင်စုငွေလုံးငွေရင်းဖြင့် တည်ဆောက်မည့် ရွှေတောင်မြို့၊ ကြာနီကန် ရပ်ကွက်၊ အ.ထ.က ကြာနီကန်ကျောင်းဆောင်သစ်ပန္နက်တင်အခမ်းအနားသို့တက်ရောက်ခဲ့ သည်။ အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်နှင့် အတူ ဦးဝင်းနိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အဖွဲ့ချုပ်မှသတင်းနှင့်ပြန်ကြားရေးကော်မတီ (တာဝန်ခံ) တို့ တက်ရောက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူမြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများမှ ပန္နက်ရိုက်ကာ သုံးထပ်ကျောင်းဆောင်သစ်တည်ဆောက်ရန် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။   […]

Read More…

မီးလင်းရေးဖွင့်ပွဲ အခမ်းအနားတက်ရောက်

NEP (၂) မိုင်အတွင်း ကျေးရွာများမီးလင်းရေးဖွင့်ပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် သပြေတောင်ကျေးရွာအုပ်စု၊ သပြေတောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။ […]

Read More…

ကြက်ခြေနီအသင်းခွဲရုံးသစ်ဖွင့်လှစ်ပွဲ အခမ်းအနားတက်ရောက်

ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပ ဟန်သည် ဇန်နဝါရီလ ၂၄ ရက် ‌ နံနက် ၉ နာရီခွဲတွင် ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက် သိပ္ပံလမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည့် ကြက်ခြေနီအသင်းခွဲရုံး သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမြို့မရဲစခန်းမှ ရဲစခန်းမှူးဒုရဲမှူးမျိုးသန့်စိန်နှင့် ရဲတပ် ဖွဲ့ဝင်များ၊ ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံမှဆရာဝန်ကြီး၊ မြို့နယ်အတွင်းရှိဌာနဆိုင် ရာများ၊ ပြည်ခရိုင် ကြက်ခြေနီ အသင်းမှတပ်ဖွဲ့မှူးဦးဝင်းကြိုင်နှင့်တပ်ဖွဲ့ဝင်များ ပန်း တောင်းမြို့နယ် ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦး နှင့် တပ်ဖွဲ့ဝင်များ စုစု ပေါင်း အင်အား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း […]

Read More…

အဆောက်အဦများပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်

သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုး မြင့်အောင်သည် ဇန်နဝါရီလ၂၄ ရက်နေ့ နံနက်၈ နာရီတွင် သနပ်ပင်မြို့နယ် မြန်မာနိုင်ငံရဲ တပ်ဖွဲ့မြေ အတွင်း ဆောက်လုပ်မည့် အဆောက်အဦများ ပန္နက်တင် မင်္ဂလာအခမ်း အနားသို့တက်ရောက်၍ ပန္နက်ရိုက်ခဲ့သည်။ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်နှင့်အတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် ဒု အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဝေ၊ မြို့နယ် ရဲမှူးဦးတင်အောင်နှင့် စခန်းမှူးများ၊ ဌာနဆိုင်ရာ ဦးစီးမှူးများ၊ မြို့မိမြို့ဖများနှင့်အဆောက်အဦဆောက်လုပ် မည့် ကုမ္ပဏီ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ သနပ်ပင် ရဲစခန်းဝင်းအတွင်း ၂၀၂၀ – ၂၁ခု ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်မည့် အဆောက်အဦများမှာ မြို့မ ရဲစခန်း ၆ ခန်းတွဲ ၂ ထပ် သံကူကွန်ကရစ် အဆောက်အဦ ၁ ခု၊ ရုံးခန်း […]

Read More…