တိုးချဲ့ကျောင်းဆောင်သစ် ပန္နက်ရိုက်အခမ်းအနားနှင့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးဆွေးနွေးပွဲ တက်ရောက်

ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ၂၀၂၀-၂၁ခု ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် မဟာရှင်စောပု ကုမ္ပဏီမှ တာဝန်‌ယူ ဆောက်လုပ်မည့်ဝေါမြို့အရှေ့ဘက်ကမ်းရပ်ကွက် အ.ထ.ကဝေါရှေ့ (၁၂၀ × ၃၀) ပေ တိုးချဲ့ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်ပန္နက်ရိုက်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားသို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယပညာရေးမှူး၊ မြို့နယ်ဆောက်လုပ်ရေးအဖွဲ့မှအင်ဂျင်နီယာ ဒေါ်အေးဝင့်သူ၊ တင်ဒါအောင် မဟာရှင်စောပုကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊NLDရပ်ကွက်ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ သည်။ နေ့လယ်ပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်သော ရပ်ကွက်/ ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို မြို့နယ်အဆင့် ဌာန ဆိုင်ရာ အဖွဲ့များနှင့် ဆွေးနွေးပွဲကို […]

Read More…

ပန္နက်တင် မင်္ဂလာအခမ်းအနားတက်ရောက်

တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေး မင်းဝင်းသည် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်၈နာရီတွင် တောင်ငူပညာရေးဒီဂရီကောလိပ် ၌တည်ဆောက်မည့်ဝန်ထမ်းအိမ်ရာ ၄ခန်းတွဲ၄ ထပ် RC (၁)လုံး၊ သင်တန်းသား (၃ ၂၀)ဆံ့ ၄ ထပ်အိပ်ဆောင် RC (၁)လုံး၊ ၁၂၀’×၉၀’×၃၀’ Steel Structure အားကစားရုံ (၁) ရုံတို့ အတွက်ပြုလုပ်သောပန္နက်တင်မင်္ဂလာအခမ်းအနားသို့တောင်ငူမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ ဖိတ်ကြားထားသူများနှင့်အတူ တက်ရောက်ခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်သည် အခမ်းအနားမစတင်မီ ဆရာ/ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ တင်ဒါအောင် ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သတ်မှတ်ချိန်အမီ ပြီးစီးနိုင်‌ရေးနှင့် အရည်အသွေးကောင်းမွန်ရေး၊ ကျောင်း၏ အခြားလိုအပ်ချက် ကိစ္စရပ်များအားဆွေးနွေးပြီးနောက်တည်ဆောက်မည့်နေရာ (၃) နေရာသို့ သွားရောက်၍ ပန္နက်ရိုက် မင်္ဂလာ ပြုလုပ်ခဲ့သည်။ […]

Read More…

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲအတွက် ဥပဒေ/ နည်းဥပဒေများရှင်းလင်းဆွေးနွေးပွဲတက်ရောက်

သနပ်ပင်မြို့နယ် ကျိုက်ပဒိုင်ကြီး ကျေးရွာ၊ ကျိုက်ပဒိုင်လေးကျေးရွာ နှင့် ရေတံခါးတာဝကျေးရွာ တို့တွင် ပြုလုပ်မည့် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများရွေးချယ်ပွဲအတွက် ရွေးချယ်ရေး ဥပဒေ/ နည်းဥပဒေများ၊ ပြင်ဆင်ခဲ့သည့်ဥပဒေ/ နည်းဥပဒေများရှင်းလင်းဆွေးနွေးပွဲကို အဆိုပါ ကျေးရွာများရှိ စာသင်ကျောင်းများတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ ရှင်းလင်းဆွေးနွေးပွဲသို့ သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးမြင့်အောင်နှင့်အတူအုပ်ချုပ်ရေးမှူးများရွေးချယ်ရေးမြို့နယ်ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူးဦးကျော်မင်းထွန်း၊ဒုတိယဦးစီးမှူးဦးလှဝင်းကို၊ မြို့နယ်သမဝါယမ ဦးစီး ဦးဇော်ဝင်းကျော်၊ သက်ဆိုင်ရာကျေးရွာမှအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။   […]

Read More…

မြောင်းကူးတံတားတည်ဆောက်နေမှု ကွင်းဆင်းကြည့်ရှု

ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်သည် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပေါက်ခေါင်းမြို့နယ် မတောင့်တကျေးရွာအနီး ပြည်မြို့နယ် မြောက်နဝင်း လက်ဝဲမြောင်းဝဲလက်တံ(၈)လက်တံမြောင်းအာဒီ(၂၅+၀၀၀)ပေခန့်ရှိ မြောင်းကူးတံတား တည်ဆောက်ခြင်းအား ဆည်မြောင်း AE နှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့သည်။   […]

Read More…