ခေါင်းလျှော်ရည်၊ ဆပ်ပြာချက် သင်တန်းဆင်းပွဲတက်ရောက်

ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၁ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းထောက်ပံ့ ရန်ပုံငွေဖြင့် ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်သင်တန်း ဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့က နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ရွာကြီး ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်ပပဟန်နှင့် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းသန်းဇော်တို့ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားကာ သင်တန်းဆင်း လက်မှတ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ သင်တန်းကာလမှာ ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၅ ရက် စာတွေ့လက်တွေ့ပို့ချခဲ့ပြီး ရေဝင်ရွာကြီးကျေးရွာနှင့် အနီးနားကျေးရွာ များမှသင်တန်း သား/သင်တန်းသူ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။   […]

Read More…

UNDP ၏ မြို့နယ်ဖွံဖြိုးရေးလုပ်ငန်းတင်ဒါညှိနှိုင်းရွေးချယ်ရေးအစည်းအဝေး တက်ရောက်

ရေတာရှည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်သည် ဇန်နဝါရီလ၁၅ ရက်နေ့ နံနက် ၉ နာရီတွင် ရေတာရှည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည့် UNDP၏ မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ်နှင့်အတူမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး၊လမ်းဦးစီးဌာနဦးစီးမှူး၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး၊ စည်ပင်AEနှင့်UNDP တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ […]

Read More…

ကျေးရွာချင်းဆက်လမ်းခင်းနိုင်ရေး ကွင်းဆင်းကြည့်ရှု

အုတ်တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော် ဇေယျသည် ဇန်နဝါရီ ၁၅ ရက်နေ့တွင် အုတ်တွင်းမြို့နယ် စမ်းမြသာယာကျေးရွာရှိ ကျေးရွာ ချင်းဆက် လမ်းများကို ဒေသခံပြည်သူများ၊ ရပ်ကျေး NLD ခေါင်းဆောင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှု၍ ပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့သည်။ […]

Read More…

အခြေခံ အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

အခြေခံ အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို အုတ်ဖိုမြို့နယ်၊ ဘလားကျေးရွာအုပ်စု၊ ဘလား ဘုန်းတော်ကြီးကျောင်း၌ ဇန်နဝါရီလ ၁၅ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ အခမ်းအနားသို့ အုတ်ဖိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစောသူရအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး/ ဦးစီးမှူး/ မြို့နယ် ဦးစီးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊သင်တန်း ဆရာမနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။ […]

Read More…

နတ်တလင်း ၁ ကိုယ်စားလှယ် မီးလင်းပွဲတက်ရောက်

နတ်တလင်းမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်ဦးသည် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နတ်တလင်းမြို့နယ် ဇီးပင်ကွေ့ အုပ်စု သူဌေး ကုန်းရွာ၊ ကျောင်းကုန်းရွာမီးလင်းပွဲသို့ ဒေသခံ ပြည်သူများနှင့်အတူတက်ရောက်၍ ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ […]

Read More…