ဝန်ကြီးချုပ်နှင့်တွေ့ဆုံပွဲတက်ရောက်

ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သော မဲဆန္ဒနယ်အမှတ်(၁) ဦးအောင်နိုင်ဦးနှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးညီညီထွေးတို့သည် ဒီဇင်ဘာ ၁၉ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြင့်သိန်းနှင့် အတူ ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ကျင်းပပြုလုပ်သော ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ သည်။ တွေ့ဆုံပွဲတွင် ညောင်လေးပင်မြို့နယ် မဒေါက်မြို့အနီး စစ်တောင်းမြစ် ကမ်းပါးပြိုကျသဖြင့် လမ်းပန်းဆက်သွယ်ရေးများ မထိခိုက်စေရေး၊ မိုးရာသီကာလစစ်တောင်း မြစ်ရေဝင်‌ရောက်ပြီး ရေပြန်လည် မလျော့ကျသဖြင့် ရေမြုပ်လယ်ယာမြေများအချိန်အခါမီ စိုက်ပျိုးနိုင်ရန်အတွက် ရေထုတ်ပြွန်နှင့် ရေတံခါးတည်ဆောက်နိုင်ရေး၊ မြို့နယ်အတွင်းရှိ မြေယာပြဿနာများ ဖြေရှင်းဆောင်ရွက်နိုင်ရေး စသည့်ကိစ္စများ အပြင် ဒေသဖွံ့ဖြိုးရေးကိစ္စများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တောင်းမြစ်ကမ်းပါး ပြိုကျသော မဒေါက်မြို့၊ မြို့မ […]

Read More…

VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားများတက်ရောက်

ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်အောင်သည် ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ဒိုက်ဦးမြို့နယ်၊ ဖအောင်းစုကျေးရွာ အုပ်စု၊ ကြာအင်း ကျေးရွာနှင့်ဆင်စခန်းကျေးရွာအုပ်စု၊ တပ်စုကျေးရွာတို့၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပသော ကျေးရွာ‌ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) မိတ်ဆက် ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားများသို့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်မိ ရပ်ဖများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် NLD အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။ […]

Read More…

ပြည်သူများ နှင့်တွေ့ဆုံပွဲများသို့ တက်ရောက်ဆွေးနွေး

ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်သည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရပ်/ကျေးပါတီဝင်များနှင့် အတူ ပြည်မြို့နယ်၊ ကြခတ်အုပ်စု၊ပေါင်းဇူး ဘုန်းကြီးကျောင်း ဓမ္မာရုံနှင့် သဲကုန်းအုပ်စု၊ ဆင်ပိုက် ကျေးရွာတို့တွင် ကျင်းပသည့်ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများသို့ တက်ရောက်ဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲများတွင် ကြခတ်အုပ်စုနှင့် သဲကုန်းအုပ်စုမှဒေသခံပြည်သူများက စာသင်ကျောင်းပြုပြင်ရေး၊လျှပ်စစ်မီးလင်းရေး၊လမ်း/တံတားလိုအပ်မှု စသည့်ဒေသဖွံ့ဖြိုးရေးကိစ္စများအား တင်ပြဆွေးနွေးခဲ့ရာလွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။   […]

Read More…