တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည့် အလျောက် တောင်တန်း၊ ပြည်မ၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ တိုင်းရင်းသားများ အခွင့်အရေးများ တန်းတူရရှိစေရေး၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးတို့သည် မရှိမဖြစ်လိုအပ်သော အခြေခံအချက်များ ဖြစ်ပါသည်။ သို့ဖြစ်၍ လက်ရှိအစိုးရ လက်ထက်မှ စတင်၍ ပဲခူးတိုင်းဒေသကြီးတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးအတွင်း နေထိုင်သော တိုင်းရင်းသားများ၏အရေးကိစ္စများအား ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး၊ အပြန်အလှန်ရိုင်းပင်းကူညီရေး၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေယဉ်ကျေးမှု အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းဒေသကြီးအဆင့်တွင် ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ ဖိတ်ခေါ်ဆွေးနွေးခြင်း၊ တွေ့ဆုံညှိနှိုင်းခြင်း၊ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေးတို့အတွက် လစဉ်ပုံမှန်အစည်းအဝေးများအပြင် ကော်မတီသည် ကရင်တိုင်းရင်းသားရေးရာ  ဝန်ကြီးနှင့် […]

Read More…