ဦးတင်ဆန်းဦး(ခ)ဦးဇော်မင်းဦး၊ ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၏မေးခွန်း

ဇူလိုင်လ ၂၉ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသ ကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမ)နေ့၌ ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဆန်းဦးမှ ကျောက်ကြီးမြို့တွင် နေ့ကလေးထိန်းကျောင်း တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းမေးမြန်းခဲ့ပါသည်။ […]

Read More…

ဦးညွန့်ရွှေ၊ ပဲခူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၏မေးခွန်း

ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမ)နေ့၌ ပဲခူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေမှ စိန်သာလျောင်းလမ်းဆုံမှ-အရှေ့မြို့ရှောင်လမ်းအထိ လမ်း ချဲ့ထွင်ပေးပြီး နိုင်လွန်ကတ္တရာခင်းပေးရန်နှင့် လမ်းမီးများထွန်းညှိပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
—————————————————————————————————————-
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်းမှ ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းသည် ပဲခူးမြို့နယ်အတွင်း မိုင် ၀/၀မှ ၄/၀ အထိ ၄မိုင် အရှည်ရှိပြီး မိုင် ၀/၀မှ ၂/၀ အထိသည် ၄၈ပေအကျယ်နှင့် မိုင်၂/၀မှ ၄/၀အထိသည် ၁၈ပေအကျယ်
ကတ္တရာလမ်းဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင် စု ရန်ပုံ ငွေ ကျပ်(၁၄၁.၀၀) သန်းဖြင့် ၂/၀မိုင် ၂/၀မှ ၂/၂+၄၅’ အထိ ၂ဖာလုံ +၄၅ ပေအား ၁၈ပေအကျယ်မှ ၂၄ပေ အကျယ်သို့ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မိုင် ၂/၂+၄၅’မှ ၃/၅အတွင်း ၁၈ပေ အကျယ်မှ ၂၄ပေအကျယ်သို့ ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန်အတွက် လမ်းဦးစီးဌာနမှ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေလျာထားစာရင်းတွင် ကျပ် (၇၂၉.၀၀)သန်းအား ထည့်သွင်းတင်ပြတောင်းခံ ထားပြီးဖြစ်သဖြင့် ရန်ပုံငွေရရှိပါက ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။ […]

Read More…

ဒေါ်ပပဟန်၊ ပန်းတောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၏မေးခွန်း

ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမ)နေ့၌ပန်းတောင်း မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်မှ ပန်းတောင်းမြို့နယ်၊ ကျီးတောအုပ်စု၊ ပုသိမ်-မုံရွာကားလမ်းမ ကြီးမှ ကျီးတောရွာသို့ ဆက်သွယ်ထားသော ကျီးတောသစ်သားတံတား အလျား ၄၀ပေ၊ အမြင့် ၁၅ ပေ၊ အနံ ၁၅ပေမှာ နှစ်ကာလအားဖြင့် ကြာမြင့် နေပြီဖြစ်သောကြောင့် ၎င်းတံတားအား အသစ်ပြန်လည်ဆောက်လုပ်ပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။ […]