လေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးမှုများ ကွင်းဆင်းကြည့်ရှုပြီး ထောက်ပံ့ငွေများပေးအပ်

အုတ်တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်သည် ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွား သော အခြေအနေများအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင်EO၊ မြို့နယ်စက်မှု လယ်ယာဦးစီး၊ ခရိုင်ဘေးစီမံ ဦးစီးအရာရှိတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုပြီး လတ်တလော အခက်အခဲရှိ အိမ်ခြေများ ပြင်ဆင်နိုင်ရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ […]

Read More…

COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို လိုက်လံဝေငှ

ဒိုက်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်အောင်သည် ဧပြီလ ၂၇ ရက်နေ့တွင် မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ မြို့နယ် NLD အမျိုးသမီးလုပ်ငန်း ကော်မတီဥက္ကဋ္ဌတို့နှင့် အတူ ဒိုက်ဦး မြို့တွင်းရှိ ဆိုင်ကယ် ကယ်ရီသမားများ၊ အနှေးယာဉ်လုပ်သားများနှင့် ကုန်တင်ကုန်ချ လုပ်သားများအားCOVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို လိုက်လံဝေငှခဲ့သည်။ […]

Read More…

ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ ၃ ပေးအပ် ပွဲ

နတ်တလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သောမဲဆန္ဒနယ်အမှတ် ၁ ဦးမောင်မောင်ဦးနှင့် မဲဆန္ဒနယ်အမှတ် ၂ ဦးကျော်ကျော်နိုင်သည် နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပသော ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ (၃) ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ […]

Read More…

ခြေခံစား‌သောက်ကုန်များထောက်ပံ့ပေးအပ်ရာ ပူးပေါင်း၍စက်ရုံများတွင်ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားမှု ကြည့်ရှု

ဖြူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်သည် ဧပြီလ ၂၇ ရက်နေ့တွင် ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ကပြုလုပ်သော ဖြူးမြို့ အုတ်ဖြတ်ရပ်ကွက်နေ ဝင်ငွေပုံမှန်မရှိသော မိသားစုများအား အခြေခံစားကုန်များထောက်ပံ့ပေးအပ်ရာတွင် ပူးပေါင်း ပါဝင် ခဲ့သည်။ […]

Read More…

ကွန်ကရိ လမ်းခင်းခြင်းကွင်းဆင်းကြည့်ရှုပြီး COVID-19 ထိန်းချုပ်ကာကွယ်ရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး သည် ဧပြီလ ၂၇ ရက်နေ့က အထက ကျောက်ကြီး စောင့်ရှောက်ရေးစခန်းတွင် နေ့လယ်စာ ထမင်းလှူဒါန်းခဲ့သည်။ […]

Read More…