တာဝန်
၁။ | တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- | ||
(က) | ကော်မတီသည် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သည့် | ||
(၁) | တိုင်းဒေသကြီးရဲတပ်ဖွဲ့ (သတင်းတပ်ဖွဲ့၊ မူးယစ်အထူး၊ လူကုန်တား၊ မှုခင်း) | ||
(၂) | တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန | ||
(၃) | တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန | ||
(၄) | တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန | ||
(၅) | တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဦးစီးမှူးရုံးတို့၏ စီမံကိန်းနှင့် ဘဏ္ဍာရန်ပုံငွေများကို လေ့လာစိစစ်ခြင်း၊ တွေ့ရှိချက်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းကော်မတီနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်း အဖွဲ့သို့ တင်ပြခြင်း၊ တိုင်းဒေသကြီး လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းတို့ကို ဆောင်ရွက်ရမည်။ | ||
(ခ) | ကော်မတီသည် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ဆောင်ရွက်နေသည့် လုပ်ငန်း များနှင့်ပတ်သက်၍ လေ့လာခြင်း၊ စောင့်ကြည့်ထိန်းညှိခြင်း၊ ပူးပေါင်းကူညီခြင်းတို့ ဆောင်ရွက်ရမည်။ | ||
(ဂ) | သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို စဉ်ဆက်မပြတ်လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များရှိပါက တိုင်းဒေသကြီးလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းတို့ကို ဆောင်ရွက်ရမည်။ | ||
(ဃ) | သက်ဆိုင်ရာနယ်ပယ်အသီးသီး၏ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ တွေ့ရှိချက်များကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းတို့ကို ဆောင်ရွက်ရမည်။ | ||
(င) | သက်ဆိုင်ရာနယ်ပယ်အသီးသီးနှင့်ပတ်သက်သော တိုင်ကြားစာများကို လေ့လာစိစစ် ခြင်း၊ လိုအပ်ပါက တွေ့ဆုံခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ ကြားနာခြင်းများ ဆောင်ရွက်ပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြအစီရင်ခံရမည်။ | ||
(စ) | တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသည့် ဥပဒေကြမ်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆောင်ရွက်ရမည်။ | ||
(ဆ) | တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသည့် နည်းဥပဒေများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆောင်ရွက် ရမည်။ | ||
(ဇ) | ကော်မတီသည် လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းများ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။ | ||
(ဈ) | တိုင်းဒေသကြီးလွှတ်တော်က အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။ |
လုပ်ပိုင်ခွင့်
၁။ | တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- | ||
(က) | ကော်မတီအစည်းအဝေးများကို တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်။ | ||
(ခ) | ကော်မတီသည် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုး ဖြစ်ထွန်းစေမည့် အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်။ | ||
(ဂ) | ပြည်သူများနှင့် သက်ဆိုင်ရာကျွမ်းကျင်သူများ၏ ဥပဒေရေးရာအကြံပြုချက်များ၊ ဝေဖန်သုံးသပ်ချက်များကို စိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်။ | ||
(ဃ) | ပြင်ဆင်ရန်အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်။ | ||
(င) | ခေတ်နှင့်မလျော်ညီသော အရေးအသား၊ အသုံးအနှုန်းများကို ဥပဒေရှုထောင့်မှ ပြင်ဆင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ | ||
(စ) | ကော်မတီ၏ တင်ပြချက်နှင့် အကြံပြုချက်များသည် ဥပဒေကြမ်းတွင်ပါရှိသည့် ကိစ္စနှင့်စပ်လျဉ်းသော တင်ပြချက်၊ အကြံပြုချက်များဖြစ်ရမည့်အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော တင်ပြချက်၊ အကြံပြုချက်များလည်းဖြစ်ရမည်။ | ||
(ဆ) | ဥပဒေကြမ်းကို ကော်မတီတွင် ဆွေးနွေးစဉ်းစားပြီးဖြစ်ပါက- | ||
(၁) | ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာ(မူကြမ်း)ကို ပြုစု၍ ကော်မတီ အစည်းအဝေးတွင် တင်ပြရမည်။ | ||
(၂) | အစီရင်ခံစာ(မူကြမ်း)ကို ကော်မတီက သဘောတူလျှင် ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာကို လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ | ||
(၃) | ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် အတွင်းရေးမှူးကသော် လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင် တစ်ဦးဦးကသော်လည်းကောင်း လက်မှတ်ရေးထိုးတင်ပြနိုင်ရမည်။ | ||
(၄) | တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက သီးခြားညွှန်ကြားချက်မရှိလျှင် ဥပဒေကြမ်းကို ကော်မတီသို့ လွှဲအပ်သည့်နေ့မှစ၍ (၇)ရက်အတွင်း (ရုံးပိတ်ရက်များမပါ) ကော်မတီ၏အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ | ||
(၅) | ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောထားကွဲလွဲချက်များရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောထား ကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။ | ||
(၆) | အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။ | ||
(၇) | ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးအပ်ခြင်းခံရသူသည် ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရမည်။ | ||
(ဇ) | ကော်မတီဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ | ||
(ဈ) | လွှတ်တော်ကော်မတီအများဆုံး (၂)ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ | ||
(ည) | ကော်မတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန်အတွက် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
ရပိုင်ခွင့်
၁။ | တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ၏ ရပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- | ||
(က) | ကော်မတီ၏ လုပ်ငန်းတာဝန်အရဖြစ်စေ၊ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိရာ၌လည်းကောင်း၊ ကော်မတီ၏ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း စရိတ်ခံစားခွင့်ရှိသည်။ | ||
(ခ) | ကော်မတီဝင်များသည် ကော်မတီအစည်းအဝေးများတွင် ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ ထို့အပြင် ကော်မတီဝင် အားလုံးသည် လွှတ်တော်ကသတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
သက်တမ်း
၁။ | ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ သို့သော်လည်း လိုအပ်ပါက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီများ၏ သက်တမ်း(၁)နှစ်ပြည့်မြောက်သည့်အခါ တိုင်းဒေသကြီးလွှတ်တော်တွင် ပြန်လည်သုံးသပ်ပြီး သင့်လျော်သလို ကော်မတီဝင်များအား ပြင်ဆင်ဖွဲ့စည်းခြင်း၊ လဲလှယ်အစားထိုးပေးခြင်းပြုလုပ်ပါမည်။ |