တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ လစဉ်ပုံမှန်အစည်းအဝေး

ပဲခူးတိုင်းဒေသကြီး လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  မေလ ၃၀ရက်နေ့တွင်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီအစည်းအဝေးခန်းမ၌ လစဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင်တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ /ဆရာမများခန့့်ထားစာရင်းများ၊ တိုင်းရင်းသားလူမျိုးအလိုက် လူဦးရေစာရင်းများ၊ တိုင်းဒေသကြီးအဆင့် စာပေ/ ယဉ်ကျေးမှုကော်မတီ
ဝင်များ၏ ဆက်သွယ်ရန်လိပ်စာနှင့်ဖုန်းနံပတ်များအား လွှတ်တော်ဥက္ကဋ္ဌမှတဆင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံသို့ ညှိနှိုင်းတောင်းခံပေးနိုင်ရေးဆွေးနွေးခဲ့ကြသည်။