ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်နဝမပုံမှန်အစည်းအဝေးတွင်သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးသို့တင်သွင်းသော
သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏
အစီရင်ခံစာ(၁/၂၀၁၈)

နိဒါန်း

၁။             မိမိတို့အစိုးရသစ်လက်ထက်တွင် မြို့ပြ/ ကျေးလက်နေပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးစေရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအရည်အသွေးပြည့်မီ ကောင်းမွန်စေရေးကြပ်မတ်ရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု နည်းပါးအောင် စောင့်ကြည့်ထိန်းကျောင်းရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ကြသောကုမ္ပဏီများ၊ ဌာနဆိုင်ရာမှာ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဒေသနေပြည်သူများနှင့် နွေးထွေးပျူဌာစွာ ရင်းရင်းနှီးနှီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရေး တင်ပြအပ်ပါသည်။

ရည်ရွယ်ချက်

၂။                   သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဆိုသည့် ကော်မတီ၏အမည်ပါအတိုင်း မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများ၏ ဘဝနှင့်လူနေမှု မြင့်မားလာစေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုကူညီ ဆောင်ရွက်ပေးမည့် ဒေသတွင်း သယံဇာတထုတ်ယူနေသော လုပ်ငန်းများမှ နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်များ ပေးသွင်းနိုင်ရေး တိုက်တွန်းမည်။ တစ်ချိန်တည်းတွင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လုပ်ငန်းများနှင့်ပတ်သက်၍ အတတ်နိုင်ဆုံးထိခိုက်မှု လျော့ချနိုင်စေရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုနိုင်ငံတော်ဘဏ္ဍာ ငွေလေလွင့်မှု အနည်းဆုံးဖြစ်စေရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခကောက်ခံနိုင်ရေး၊ လူမှုဘဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ကော်မတီ၏ လုပ်ငန်းတာဝန် (၁၂) ချက်အတိုင်းဆောင်ရွက်သွားရန်ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်………………