ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်နဝမပုံမှန်အစည်းအဝေးတွင်လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးသို့တင်သွင်းသော
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏
အစီရင်ခံစာ(၁/၂၀၁၈)

နိဒါန်း

၁။                    ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏နှစ်အလိုက်အသုံးပြု သော ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ပြုလုပ်သောလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထလျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ NEP စီမံကိန်းနှင့် ပတ်သက်သော လုပ်ငန်းစဉ်များကို တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ စောင့် ကြည့်ထိန်းကျောင်းခြင်းနှင့် လုပ်ငန်းစဉ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တဖက်တစ်လမ်းမှ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ရန် အရေးကြီး သော တာဝန်ဝတ္တရားများဆောင်ရွက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ အကြိမ် အဋ္ဌမပုံမှန်အစည်းအဝေးသို့ တင်ပြအစီရင်ခံအပ်ပါသည်။

ရည်ရွယ်ချက်

၂။                        ပဲခူးတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ရောက်ရှိလာသည့် ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီနှင့် မီးသုံးစွဲမှုများအကြား ဖြစ်ပေါ် နေသော ပြဿနာများကို အကောင်းဆုံးနည်းဖြင့်ဖြေရှင်းပေးနိုင်ရန်နှင့် NEP တစ်နိုင်ငံလုံး မီးလင်းရေးစီမံကိန်းနှင့် ပတ်သက်၍ လုပ်ငန်းစဉ်ကို ပြည်သူများသိရှိနိုင်ပါရန် ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………………..