ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်နဝမပုံမှန်အစည်းအဝေးတွင်ပညာေရး၊ ကျန်းမာရေးနှင့်လူမှုရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးသို့တင်သွင်းသော
ပညာေရး၊ ကျန်းမာရေးနှင့်လူမှုရေးကော်မတီ၏
အစီရင်ခံစာ(၁/၂၀၁၈)

နိဒါန်း

၁။            ဒုတိယအကြိမ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ နဝမပုံမှန်အစည်းအဝေးသို့ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကော်မတီသည် မိမိတို့ဒေသအတွင်း တွေ့ကြုံဖြတ်သန်းခဲ့ရသော ရေးရာကော်မတီဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းကူညီ ညှိနှိုင်းဆောင်ရွက်မှုများကို တင်ပြမည်ဖြစ်ပါ သည်။မိမိတို့ကော်မတီအနေဖြင့် ပဲခူးတိုင်းဒေသကြီးရှိ ပြည်သူတို့၏တင်ပြချက်များကို သက်ဆိုင်ရာ ဌာနများနှင့် အချိန်နှင့်တပြေးညီ ညှိနှိုင်းဆောင်ရွက်မှုများကို နဝမပုံမှန်အစည်းအဝေးသို့ (၁/၂၀၁၈) အစီရင်ခံစာအဖြစ် ပြုစုတင်ပြခြင်းဖြစ်ပါသည်။

ေကာ်မတီအစည်းအဝေးကျင်းပမှုများ

၂။          (က)       ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကော်မတီ၏ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် (၁၈-၁၀-၂၀၁၇) ရက်နေ့တွင် လွှတ်တော်ရေးရာကော်မတီခန်းမ၌ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် (၃)ဦး၊ ဌာနဆိုင်ရာ (သစ်တော၊ စည်ပင်သာယာ) တို့ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်ပါအတိုင်းကျင်းပခဲ့ပါသည်-

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………………..