ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်နဝမပုံမှန်အစည်းအဝေးတွင်စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးသို့တင်သွင်းသော
စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏
အစီရင်ခံစာ(၁/၂၀၁၈)

နိဒါန်း

၁။                  ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးများ၏ တစ်ကြိမ်နှင့် တစ်ကြိမ်အကြား ဆောင်ရွက်ချက်များနှင့် တာဝန်ပေးအပ်ထားသောလုပ်ငန်းများကို ကော်မတီဝင်များအားလုံးက အစဉ်တစိုက် အကောင်အထည်ဖော်ရန် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြအစီရင်ခံရန် အစီရင်ခံစာကို တင်သွင်းရခြင်း ဖြစ်ပါသည်။

ရည်ရွယ်ချက်

၂။                    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးလုပ်ငန်းများ၊ စီးပွားရေး အထောက် အကူပြုလုပ်ငန်းများနှင့် ကုန်သွယ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ထောက်အကူ ရရှိစေရန် စီမံဆောင်ရွက်ရေး၊ လိုအပ်ပါကလက်တွေ့ကွင်းဆင်းဆောင်ရွက်သွားရေး၊ တိုင်းဒေသကြီးအတွင်းရှိ ဆက်စပ်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပေါင်းစပ် အကြံပြုလုပ်ငန်းများ ဆောင်ရွက်သွားရန်ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်……………………