ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၃/၂၀၁၇)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးသို့တင်သွင်းသော
တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏
အစီရင်ခံစာ(၃/၂၀၁၇)

နိဒါန်း

၁။         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးသစ်လက်ထက်မှာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား ပြည်သူများ၏ အရေးကို ရှေ့ရှု၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးမှသည် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့် စစ်မှန် သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရေးအတွက်လည်းကောင်း၊ တိုင်းရင်းသားများ၏ အခွင့် အရေးများ တန်းတူရရှိစေရေး၊ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကဏ္ဍအလိုက်ပူးပေါင်းပါဝင်ပတ်သက်သော လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ခေါင်းဆောင် များအား ဖိတ်ကြားဆွေးနွေးခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာကော်မတီမှ ဆောင်ရွက်လျှက် ရှိပါသည်။

ရည်ရွယ်ချက်

၂။ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
(က) တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး။
(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး၊အပြန်အလှန် ရိုင်းပင်းကူညီရေး။
(ဂ) တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေယဉ်ကျေးမှု အနုပညာများဖွံ့ဖြိုးတိုးတက်စေရေး။
(ဃ) တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ ပါဝင်သောလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးနှင့်
(င) ယခင် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပုံမှန်အစည်းအဝေး များတွင် တင်သွင်းခဲ့သော အစီရင်ခံစာပါ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက် များအား လွှတ်တော်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့အားလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ရန် ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………………….