ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်သည် ဇန်နဝါရီလ ၁၄ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ် ၊ ကျွဲပွဲမြို့၊ ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံ အဆောက်အဦ၏ တည်ဆောက်ရေးလုပ်ငန်းတွင် လိုအပ်လျှက်ရှိသောကဏ္ဍများကို ဆေးရုံတည်ဆောက်ရေးကာလတွင် ပါဝင်ခဲ့ကြသော ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုရန်ပုံဖြင့် ဆောင်ရွက်သော ဇီးဖြူသောင်ကျေးရွာအုပ်စု ၊ ပဲကြီးခုံကျေးရွာနှင့် ဇီးဖြူသောင်အထက်ရွာ ရွာချင်းဆက်လမ်းခင်းနေမှုကို သွားရောက်ကြည့်ရှုခဲ့သည်။