သတ္တမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစီရင်ခံစာ(၂/၂၀၁၇)

ပဲခူးတိုင်းဒေသကြီးလွှတ်တော်
တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ
အစီရင်ခံစာ

၁။     နိဒါန်း

               ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ၂၀၁၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူလူထုက တခဲနက် ရွေးချယ်တင်မြှောက်လိုက်သော အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်း ခဲ့ပြီး တိုင်းရင်းသားပြည်သူများ၏အရေးကို ရှေးရှု၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးမှသည် တိုင်းရင်းသားအဖွဲ့ အစည်းအားလုံးနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရေးအတွက်လည်းကောင်း၊ တိုင်းရင်းသားများ၏ အခွင့် အရေးများ တန်းတူရရှိစေရေးအတွက် ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ပတ်သက်သော လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသားခေါင်း ဆောင်များအား ဖိတ်ကြားဆွေးနွေးခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မ တီမှ ဆောင်ရွက်လျှက်ရှိပါသည်။

၂။     ရည်ရွယ်ချက်

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး၊ အပြန်အလှန်ရိုင်းပင်းကူညီရေး။
တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေယဉ်ကျေးမှု အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရေး။
တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး တို့ ပါဝင်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့်
ယခင် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပုံမှန်အစည်းအဝေးများတွင် တင်သွင်းခဲ့သော အစီရင်ခံစာပါ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များအား လွှတ်တော်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့အား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

၃။      ကော်မတီ၏ လုပ်ဆောင်ချက်များ

(က) တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် (၃၀.၃.၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဆိုင်ရာ ပရိုဂရမ်သို့ တက်ရောက်ခြင်း။
(ခ) (၂.၅.၂၀၁၇) ရက်နေ့နှင့် (၃.၅.၂၀၁၇) ရက်နေ့များ၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရေးရာ အစည်းအဝေးကော်မတီ ခန်းမတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီနှင့် တိုင်းရင်းသားလူမျိုးများ အရေး ဆိုင်ရာကော်မတီတို့မှ ပူးပေါင်းကော်မတီအစည်းအဝေး(၂)ရက် ပြုလုပ်ပြီး သက်ဆိုင်ရာတိုင်းပညာရေးဌာနမှလည်း ပညာရေးကိစ္စရပ်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အပြည့်အစုံဆက်လက်ကြည့်ရှုရန်………….