ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန           တိုင်းဒေသကြီးတရားလွှတ်တော်

မေးမြန်းသည့်လွှတ်တော်အမတ် -​ဒေါ်ရီရီထိုက်၊ ဝေါ(၂)

တင်သွင်းသည့်ရက်စွဲ − ၂၀..၂၀၁၇၊ /၁၀

အမေး

မြို့နယ်တရားရုံးတွင် အမှုတွဲများ တင်ပြခြင်းနှင့် အာမခံလုပ်ဆောင်လျှင် ငွေကြေးများ မြောက်မြားစွာ ပေးနေရခြင်းနှင့် ပတ်သက်၍ သိရှိလိုကြောင်း၊

အဖြေ

တရားရုံးသို့ စွဲဆိုတင်ပို့သော အမှုများတွင် ရာဇဝတ်မှုနှင့် တရားမမှုဟူ၍(၂)မျိုး ရှိပါကြောင်း၊ တရားရုံးသို့ အမှုစွဲဆိုတင်ပို့ခြင်း၊ အာမခံလျှောက်ထားခြင်းများအတွက် ရုံးခွန်အက်ဥပဒေ ဇယား(၂)အရ သတ်မှတ်ထားသည့်အတိုင်း ရုံးခွန်နှုန်း ထားများအား ထမ်းဆောင်ကြရပါကြောင်း၊ အခြားငွေကြေး ကောက်ခံမှုမရှိပါကြောင်းနှင့် ဝေါမြို့နယ် တရားရုံးအပါအဝင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများမှ တရားရုံးဝန်ထမ်းများက ငွေကြေးကောက်ခံမှု ပြုလျှင်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊