ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန           တိုင်း​ဒေသကြီးအစိုးရအဖွဲ့

မေးမြန်းသည့်လွှတ်တော်အမတ် – ဦးညွန့်ရွှေ၊ ပဲခူး()

တင်သွင်းသည့်ရက်စွဲ − ၂၀..၂၀၁၇၊ /-၁၁

အမေး

ပဲခူးမြို့၊ မြို့ရှောင်လမ်းပိုင်း(၁၁)မိုင် (၃)ဖာလုံ ဆောက်လုပ်ခဲ့ရာတွင် စာချုပ် ချုပ်ဆိုရာ၌ အားနည်းချက်များ တွေ့ရှိနေ၍ ဥပဒေကြောင်းအရ အထမြောက်ခြင်း ရှိ/မရှိနှင့် သန်းပေါင်းတစ်သောင်း လေးထောင်ခန့် အကုန်အကျခံ သုံးစွဲထားသည့် လမ်းပိုင်းတစ်ခုအတွက် အာမခံသော သက်တမ်းမှာ (၃)လ ဟုသာ ဖော်ပြထားခြင်းနှင့် ပတ်သက်၍ သိရှိလိုပါကြောင်း၊
ဆက်စပ်မေးခွန်း
ကုမ္ပဏီတို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ စာချုပ်ချုပ်ဆိုရာတွင် ရက်စွဲ ဖော်ပြထားခြင်း မရှိပါကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေကို လူပုဂ္ဂိုလ်တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုက မိမိတို့ အကျိုးစီးပွားအတွက် အသုံးပြုထားသည်ကို သိရှိလိုပါကြောင်း၊

အဖြေ

နိုင်ငံတော်ဘဏ္ဍာငွေကို စီမံခန့်ခွဲသူများအနေဖြင့် ဖြောင့်ကန်ရန် လိုအပ်ပြီး သဘောရိုးအတိုင်း မဟုတ်ဘဲ မရိုးမဖြောင့်သော သဘောဖြင့် မိမိကိုယ်ကျိုးအတွက်ဖြစ်စေ၊ သူတစ်မတ်မှန်ပါးအကျိုးဖြစ်ထွန်းစေရန်အတွက်ဖြစ်စေ၊ အလွဲသုံးစားပြုလုပ်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူနိုင်ပါကြောင်း၊ 

ဆက်စပ်အဖြေ
တိုင်းဒေသကြီးအစိုးရနှင့် ကုမ္ပဏီတို့ ချုပ်ဆိုသော စာချုပ်မှာ ပုဂ္ဂိုလ်ခြင်း ချုပ်ဆိုသော စာချုပ်ဖြစ်ကြောင်းတွေ့ရ၍ လုပ်ငန်းဆောင်ရွက်သည့်အခါ လုပ်ငန်းအပ်နှံသူ/ လက်ခံသူအသိသက်သေများ ပါဝင်ပြီး စာချုပ်အနေဖြင့် ပြည့်စုံသော်လည်း စာချုပ်ထဲတွင် မည်သည့်နေ့တွင် လုပ်ငန်းပြီးဆုံးမည်၊ ငွေအကြေချေမည်ကို ပလပ်ထားပြီး ချုပ်ဆိုထားသော စာချုပ်မှာ ကိန်းဂဏန်း အတိအကျ မဖော်ပြ ထားသည့်အတွက် ယင်းစာချုပ်အရလည်း အမှန်တကယ်တိုးတက်အောင် ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိစစ်ရေးအဖွဲ့ ဖွဲ့ပြီးစိစစ်တွေ့ရှိချက်အရ ဥပဒေနှင့်အညီ အရေးယူ၍ ရပါကြောင်းနှင့် အရေးယူလိုပါက ဥပဒေနှင့်အညီ အကြံဉာဏ်များ ပေးမည်ဖြစ်ပါကြောင်း၊ 

 

ဖြေကြားသည့်ဌာန           တိုင်း​ဒေသကြီးအစိုးရအဖွဲ့

မေးမြန်းသည့်လွှတ်တော်အမတ် – ဦးညွန့်ရွှေ၊ ပဲခူး(၁)

တင်သွင်းသည့်ရက်စွဲ − ၂၁.၃.၂၀၁၇၊ ၆/၁-၁-၁၉

အမေး

ပဲခူးမြို့၊ မြို့ရှောင်လမ်းပိုင်းနှင့် ပတ်သက်၍ ၂၀၁၅−၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်းမှ တောင်းခံထားသော ငွေများအပေါ် လုပ်ငန်းခွင့်ပြုချက်မရခဲ့ပါ ၂၀၁၆−၂၀၁၇ခု ဘဏ္ဍာရေးနှစ်အတွက်သာ သုံးစွဲခွင့်ပြု ဘဏ္ဍာငွေများအား ၄င်းခွင့်ပြုသော ဘဏ္ဍာရေးနှစ်မတိုင်မီ အချိန်များစွာ ကြိုတင်၍ စာရင်းစစ်ဆေးရန် အခွင့် ရှိ/မရှိ နှင့် ရှိပါက ညွှန်ကြားချက် ဥပဒေများဖြင့် ကိုးကားဖြေကြားပေးပါရန် လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ခွင့်ပြုဘဏ္ဍာငွေကြေး မရရှိမီ ကြိုတင် စစ်ဆေးခဲ့ရခြင်းမှာ ဘာကြောင့်ပါလဲ၊ အကြောင်းပြချက် ခိုင်လုံခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊
ဆက်စပ်မေးခွန်း
မြို့ရှောင်လမ်းဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာနှင့် စာရင်းစစ်ချုပ်၏ ဖြေကြားချက်များ ကွဲလွဲနေသည်ကို သိရှိလိုပါကြောင်း

အဖြေ

လမ်းဦးစီးဌာန၏ ၂၀၁၅−၂၀၁၆ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းနှင့် စာရင်းများ စစ်ဆေးစဉ်တွင် ပဲခူးမြို့၊ မြို့ရှောင်လမ်းပေါ်ရှိ ဆောင်ရွက်ပြီး လုပ်ငန်းများအား တစ်ဆက်တစ်စပ်တည်းဖြစ်၍ ကြည့်ခဲ့သော်လည်း ၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများကို စစ်ဆေးခဲ့ခြင်း မရှိပါ။ ၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ(၆)ပတ် လုပ်ငန်းနှင့် စာရင်းများအား ၂၆−၁−၂၀၁၇ ရက်နေ့မှ ၁၀−၂−၂၀၁၇ နေ့ထိ စစ်ဆေးရာတွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၆၄၄.၈၄ ဖြင့် ဆောင်ရွက်သောလုပ်ငန်းများကို စာရင်းအရနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို ၉−၃−၂၀၁၇ ရက်နေ့ တွင် ဆောင်ရွက်ခဲ့၍ အစီရင်ခံစာ ထုတ်ပြန်ရန် စီစဉ်ဆဲဖြစ်ပါတယ်။ ကြိုတင်စစ်ဆေးခဲ့ခြင်း၊ ကြိုတင်ရေးသား ဖော်ပြခဲ့ခြင်းမရှိပါကြောင်းနှင့် လိုက်နာကျင့်သုံးခဲ့သော စာရင်းစစ်စံများနှင့် အညီ စစ်ဆေးခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊
ဆက်စပ်အဖြေ
တိုင်းဒေသကြီးစာရင်းစစ်က စစ်ဆေးထားကြောင်း လမ်းဦးစီးဌာန အစီရင်ခံစာထဲတွင် ပါဝင်သော်လည်း စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့ခြင်းမျိုး မရှိပါကြောင်း၊