ညှိနှိုင်းအစည်းအဝေးပွဲ

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးအေးမင်းဝင်းနှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးမိုးမခတို့သည် (၈.၉.၂၀၁၇) ရက်နေ့ နံနက်(၁၀းဝဝ)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်အတူ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လုံခြုံရေးနှင့် ရေရရှိရေးကိစ္စများအတွက် ကျင်းပပြုလုပ်သော ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ထို့နောက် နေ့လယ် (၁၃းဝဝ) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မြို့သစ်၊ ကျွန်းကုန်း၊ မဟင်၊ ဇီးဒိုင်းကျေးရွာတို့၌ ဆက်သွယ်ရေး တာဝါတိုင်တည်ဆောက်မည့်နေရာများအား သွားရောက်ကြည့်ရှုခဲ့ပါသည်။