COVID – 19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုအား သွားရောက်ကြည့်ရှု

ဖြူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်သည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ ဖြူးမြို့ခုတင် ၁၀၀ ပြည်သူ့
ဆေးရုံ၌ ပြုလုပ်သော ကျန်းမာရေး ဝန်ထမ်းမိသားစုများအား COVID- 19 ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့သည်။