မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နိုင်ရန်ကွင်းဆင်းကြည့်ရှု

တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်းသည် ဇန်နဝါရီလ ၂၈ ရက် နံနက် ၉ နာရီတွင် တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု အနောက်ဇီးကုန်းရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တောင်ငူမြို့နယ် NLD ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ရပ်ကျေး NLD ခေါင်းဆောင်များနှင့် အတူတက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ နံနက်၁ဝနာရီခွဲတွင် ဇီးဒိုင်းကျေးရွာအုပ်စုမင်းလမ်းကူးကျေးရွာသို့ သွားရောက်၍ မင်းလမ်းကူးရေပို့ကုန်း ကျေးရွာချင်းဆက်လမ်း ပြုလုပ်‌နိုင်ရန် တင်ပြမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုမေးမြန်းဆွေးနွေးခဲ့သည်။