ကုန်ထုတ်လမ်းခင်း‌နေမှု ကွင်းဆင်းကြည့်ရှု

ရွှေတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးညွန့်ဝေသည် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တင်ဒါအောင်ကုမ္ပဏီဖြစ်သည့်
Zin Yaw Ayar Co.,Ltdမှ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာ အုပ်စု၊ သရက်ပင်
ကွင်းကျေးရွာ ကုန်ထုတ်မြေသားလမ်း(၁/၂.၆ မိုင်×၁၂‌ ပေ×၂ ပေ)ခင်းနေမှုအား
ကွင်းဆင်းကြည့်ရှုခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင်လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဦးဝင်းနိုင်၊ အဖွဲ့ချုပ်မှ တွဲဘက်အတွင်းရေးမှူး၊ ပြန်ကြားရေး(တာဝန်ခံ)၊ မြို့နယ် EC၊ ပြန်ကြားရေး အဖွဲ့ဝင်၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ QC အဖွဲ့များနှင့် လမ်းကော်မတီဝင်များလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။