ရေသွင်းပြွန် တည်ဆောက်ခြင်းနှင့် တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ညောင်လေးပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေးသည် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရဲနွယ်ချောင်းအတွင်း ရေလွှဲ တန်းများရိုက်ခြင်း၊ နွေစပါးစိုက်ပျိုးရေး အတွက်ရဲနွယ်ချောင်းမှ ရေပေးသွင်းနိုင်ရန် ရေသွင်းပြွန် တည်ဆောက်ခြင်းနှင့် ငပြေမ ရေသွင်းပြွန်မှ ရေသွယ်ယူသည့် ရေသွင်း မြောင်းတွင်တံတားတည်ဆောက်ခြင်း လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုခဲ့သည်။
၎င်းနောက် လွှတ်တော် ကိုယ်စားလှယ်သည်ရဲနွယ်ချောင်းမှ ရေအားနွေစပါး စိုက်ပျိုး ရေးအတွက် ရေပေးသွင်းမှု အခြေအနေများအားကွင်းဆင်းကြည့်ရှုခဲ့‌‌ကြောင်းသိရသည်။