ရပ်/ကျေး အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး အစည်းအဝေးတက်ရောက်

ရွှေတောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော မဲဆန္ဒနယ်အမှတ်(၁) ဦးညွန့်ဝေနှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးအုန်းသွင် တို့သည် ဇန်နဝါရီလ ၁၁ရက်နေ့တွင် ရွှေတောင်မြို့နယ် သာသနာ့ဗိမာန်ခန်းမ၌ကျင်းပ
ပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး စီမံချက်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြခွါညိုဦး၊ ဦးဝင်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာန ဆိုင်ရာ ဦးစီးအရာရှိများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားကာ လွှတ်တော်ကိုယ်စားလှယ်များမှလည်း ရပ်မိ/ရပ်ဖ ၅ ဦး
ကြီးကြပ်တာဝန်ပေးအပ်နိုင်ရေး ဥပဒေနှင့်အညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အကြံပြု ဆွေးနွေးခဲ့ပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး
များမှ လိုအပ်သည်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။