ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်သည် ဇန်နဝါရီလ ၁၀ရက်နေ့
နေ့လယ်ပိုင်းတွင် မိုးညိုမြို့နယ်အတွင်း ရေကင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
ဆောင်ရွက်ထားရှိမှုကိုကွင်းဆင်းကြည့်ရှုခဲ့သည်။
ကွင်းဆင်းရာတွင် မိုးညိုမြို့နယ်၊ ရေကင်း‌မြို့ အခြေခံပညာ အထက်တန်း‌ကျောင်း၊
ရေကင်းတိုက်နယ်ဆေးရုံ၊ ရေကင်းအုပ်စု သက်ကယ်တန်းကျေးရွာ တံတားနှင့်၊ ငါး
ကယ်ကျေးရွာအုပ်စု၊ ဆုံကုန်ကျေးရွာအုပ်စု၊ သံပုရာခုံ ကျေးရွာချင်းဆက်လမ်းတို့ အား သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းကြည့်ခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့
ကြောင်းသိရသည်။