ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်သည် ဇန်နဝါရီ ၁၀ ရက်နေ့တွင်သနပ်ပင် မြို့နယ် ဇီးပင်ကျေးရွာသို့ သွားရောက်၍ ဇီးပင်ကျေးရွာ၊ လှာပကစ်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့မှ နွေစပါးစိုက်ပျိုးသူလယ်သမားများနှင့်တွေ့ဆုံရာတွင် နွေစပါးရေလုံလောက်စွာရရှိ ရန်၊ ရေငန်ဝင်ရောက်မှုများ ထပ်မံမဖြစ်စေရန်၊ရေတံခါးများတည်ဆောက်ပေးနိုင်ရန် တင်ပြလာမှု‌အပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း‌ဆွေးနွေးခဲ့သည်။
၎င်းနောက်လွှတ်တော်ကိုယ်စားလှယ်သည် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်များနှင့်အတူ ကျေးရွာအတွင်းဆောင်
ရွက်နေသည့် လမ်းများ၊ ၂၀၂၀-၂၀၂၁ စီမံကိန်းကာလအတွင်း လျာထားသည့်လမ်း
များအား ကွင်းဆင်းကြည့်ရှုခဲ့သည်။