ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ငါးကျီးကျေးရွာ ဆက်သွယ်သော ကွန်ကရစ်တံတား ပေ (၃၂၀×၂၀) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး
ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး
ဦးစိုးသိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ ဦးဝင်းမြင့်၊ မိုးညိုမြို့
နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော အမှတ် ၁ မဲဆန္ဒ
နယ် ဦးအေးဝင်း၊ အမှတ်၂ မဲဆန္ဒနယ် ဦးဝင်းကို၊မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး
ဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကျော်လူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်
ပေးကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အဆိုပါတံတားအား လှည့်
လည် ကြည့်ရှုဖြတ်သန်းခဲ့ကြကြောင်း သိရသည်။