ဒေါ်ပပဟန်၊ ပန်းတောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၏မေးခွန်း(၃)

ဇူလိုင်လ ၃၀ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသ ကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမ)နေ့၌ ပန်းတောင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ပပဟန်မှ ပန်းတောင်းမြို့နယ်၊ ထုံးဘိုအုပ်စု၊ ပြင်ကြီးကျေးရွာ အ.လ.က(ခွဲ) စာသင်ကျောင်းဆောင်မှာ အိုဟောင်းဆွေးမြေ့နေပါ၍ အသစ်ပြန်လည်တည် ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းမေးမြန်းခဲ့ပါသည်။
………………………………………………………………………..
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးကြီးအုပ်စု၊ အလက(ခွဲ) ပြင်ကြီးတွင်မူလတန်းအဆင့်ကျောင်းသား(၁၂၄)ဦး၊အလယ်တန်းဆင့်(၁၂၁)ဦးစုစုပေါင်း(၂၄၅)ဦးရှိပါ သည်။ ဝန်ထမ်းဦးရေမှာ မူအုပ်(၁)ဦး၊ မူပြ(၃)ဦး၊ လယ်ပြ (၅)ဦး၊ ထွေလုပ်(၁)ဦး စုစုပေါင်း(၁၀)ဦး ရှိပါသည်။ ကျောင်းဆောင်အားဖြင့် (၆၀x၃၀) ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ တမံတလင်းခင်း(၁)ထပ် ဆောင် (၂)ဆောင်၊ (၄၀x၃၀) ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ပျဉ်ခင်း (၁)ထပ်ဆောင် (၂)ဆောင် စုစုပေါင်း (၄) ဆောင်ရှိသည့်အနက် (၄၀x၃၀) ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ပျဉ်ခင်း (၁)ထပ်ဆောင် (၁)ဆောင်သည် ပျက်စီးယိုယွင်းနေပါ၍ အသုံးပြု၍မရပါကြောင်း၊ အလက(ခွဲ) ပြင်ကြီးကျောင်းအတွက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ (ခရီးစဉ်လမ်းညွန်မှာကြားချက်ခေါင်းစဉ်) အန္တရာယ်ရှိကျောင်းဆောင် ဟောင်းအားဖျက်သိမ်း၍ (၉၀x၃၀) Steel Structure တစ်ထပ် အသစ်ဆောက် လုပ်ရန် မြို့နယ်ဦးစားပေး အမှတ်စဉ်(၁)ဖြင့် လျာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။