ဒေါ်ပပဟန်၊ ပန်းတောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၏မေးခွန်း(၂)

ဇူလိုင်လ ၃၀ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသ ကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမ)နေ့၌ ပန်းတောင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ပပဟန်မှ ပန်းတောင်းမြို့နယ်၊ ကုန်းကလေးအုပ်စု၊ ထန်းပင်ကွင်းကျေးရွာ၊ အ.မ.ကစာသင်ကျောင်းဆောင်မှာ ပျက်စီးယိုယွင်းနေပါသဖြင့် ကျောင်းဆောင် သစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းမေးမြန်းခဲ့ပါသည်။
…………………………………………………………………………..
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကုန်းကလေးအုပ်စု၊ အမက-ထန်းပင်ကွင်းတွင် မူလတန်းအဆင့်ကျောင်းသား(၂၅)ဦးရှိပါကြောင်း၊ ဆရာဝန်ထမ်းဦးရေမှာမူပြ(၃)ဦး၊ ထွေလုပ်(၁)ဦး၊ စုစုပေါင်း (၄)ဦးရှိပါကြောင်း၊ ကျောင်းဆောင်အားဖြင့် (၄၀x၃၀) ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ပျဉ်ခင်း(၁)ထပ်ဆောင် (၁)ဆောင်သာရှိပါကြောင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ အမက-ထန်းပင် ကွင်းကျောင်းအတွက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ အန္တရာယ်ရှိခေါင်းစဉ်မှ (၆၀x၃၀) Steel Structureတစ်ထပ်အသစ် ဆောက်လုပ်ရန် မြို့နယ်ဦးစားပေးအမှတ်စဉ်(၁၅)ဖြင့် လျာထားပြီး ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။