ဦးရဲလင်းနိုင်၊ ပေါင်းတည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၏မေးခွန်း(၁)

ဇူလိုင်လ ၃၀ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသ ကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမ)နေ့၌ ပေါင်းတည် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲလင်းနိုင်မှ ပေါင်းတည်မြို့နယ်တွင် ပြည်ထောင်စုဘဏ္ဍာငွေ ငွေလုံးငွေရင်း ဖြင့် တည်ဆောက်ထားမည့် အ.မ.က ပေါက်တောကျောင်းပါ(၅)ကျောင်းကို ပြန်လည်ပေးအပ်ခဲ့ရသည့်အတွက် ယင်းကျောင်းများအား မည်ကဲ့သို့ကုစား ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးခွန်းမေးမြန်းခဲ့ပါသည်။
……………………………………………………………………………..
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်မည့် အခြေခံပညာကျောင်းများအတွက် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ တင်ဒါလျှောက်ထားမှုမရှိသောကျောင်းများအတွက် Selected ကုမ္ပဏီရွေးချယ်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ၍ လမ်းညွှန်မှုအရ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှ တင်ဒါလျောက်ထားမှုမရှိသော အခြေခံပညာကျောင်း (၃) ကျောင်းရှိပါကြောင်း၊ တင်ဒါအောင်မြင်ပြီး ကုမ္ပဏီမှ ပြန်လည်အပ်နှံသော အခြေခံကျောင်း(၂)ကျောင်း၊ စုစုပေါင်း ကျောင်း(၅)ကျောင်းရှိပါကြောင်း၊
အဆိုပါကျောင်းများအတွက် သက်ဆိုင်ရာမြို့နယ်မှ Selected ကုမ္ပဏီရွေးချယ် တာဝန်ပေးနိုင်ရေး အကြောင်းကြားဆောင်ရွက်သော်လည်း လျှောက်ထားသူ မရှိ၍ ရွေးချယ်တာဝန်ပေးနိုင်မှုမရှိခြင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဉီးစီးဌာနမှ လုပ်ငန်းဆောင်ရွက်မှုမရှိသော လုပ်ငန်းများအား COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်လုပ်ငန်းများအတွက် ရန်ပုံငွေလွှဲပြောင်း အပ်နှံခဲ့ရခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုကိုခံယူလျက် တင်ဒါပိုလျှံရန်ပုံငွေ တင်ဒါလျှောက်ထားမှုမရှိ၍ ဆောင်ရွက်မှုမရှိသော ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးကျောင်းများ၏ ရန်ပုံငွေ၊ စက်ပစ္စည်း၊ ပရိဘောဂခေါင်းစဉ် ဖြင့် ခွဲဝေရရှိသော ရန်ပုံငွေအချို့နှင့် (၀၄၀၂၊ ၀၄၀၃၊ ၀၄၀၉) (ပြင်ဆင်ထိန်းသိမ်း စရိတ် ရန်ပုံငွေ၊ ကျောင်း၊ လမ်းများ ပြင်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း သန့်စင်ခန်းများ တည်ဆောက်ခြင်း) ခေါင်းစဉ်ဖြင့် ရရှိခဲ့သော ရန်ပုံငွေများ စသည်တို့ကို ပြန်လည်အပ်နှံခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ (COVID-19 ရန်ပုံငွေပြန်အပ်ခေါင်းစဉ်)မှ မူလွန်-ပေါက်တောကျောင်းအား (၆၀x ၃၀)ပေ Steel Structure (၁)ထပ် ဆောက်လုပ်ရန် မြို့နယ်ဉီးစားပေးအမှတ်စဉ်(၂)ဖြင့်လည်းကောင်း၊ အထက-ပေါင်းတည်အား (၁၂၀x၃၀) Steel Structure (၁)ထပ် ဆောက်လုပ်ရန် မြို့နယ် ဉီးစားပေး အမှတ်စဉ်(၃)ဖြင့်လည်းကောင်း၊ အမက(လွန်) ငါးရှဉ့်ကွင်းကျောင်း အား (၆၀x၃၀)ပေ Steel Structure (၁)ထပ် ဆောက်လုပ်ရန် မြို့နယ်ဉီးစားပေး အမှတ်စဉ်(၄)ဖြင့်လည်းကောင်း၊ အထက(ခွဲ)သိမ်ကုန်းကျောင်းအား (၆၀x၃၀) ပေ Steel Structure (၁)ထပ် ဆောက်လုပ်ရန် မြို့နယ်ဉီးစားပေး အမှတ်စဉ် (၅) ဖြင့်လည်းကောင်း၊ အမက-ကိုင်းကွင်း ကျောင်းအား (၆၀x၃၀)ပေ Steel Structure (၁)ထပ် ဆောက်လုပ်ရန် မြို့နယ် ဉီးစားပေး အမှတ်စဉ် (၆) ဖြင့် လည်းကောင်း လျာထားအတည်ပြုတင်ပြထားပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
………………………………………………………………………………..
ဆက်စပ်မေးခွန်း
…………………..
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရဲလင်းနိုင်မှ ဝန်ကြီး၏ မြို့နယ်သို့ ညွှန်ကြားချက်များရောက်ရှိမှုမရှိသည့်အတွက် အရေးယူဆောင်ရွက်ပေးရန်နှင့် တင်ဒါအောင်သည့်ကုမ္ပဏီများမှ လုပ်ငန်းပြန်အပ်ခြင်းအပေါ် လက်ခံသည့် တာဝန်ရှိသူကို အရေးယူဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
………………………………………………………………………………..
ဆက်စပ်အဖြေ
…………………..
အဆိုပါဆက်စပ်မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ Cabinet အစည်းအဝေးတွင် တင်ပြပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်၊၊