ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၂၀)

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၂၀)

နိဒါန်း

၁။      ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက်  အသုံးပြုသော ငွေလုံးငွေရင်းအသုံးစရိတ်နှင့်ပြုလုပ်သော လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းကျောင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန် စေရန်နှင့် လတ်တလောအကောင်အထည်ဖော်ရန် မသင့်သေးသောလမ်းများကို အတတ်နိုင်ဆုံး စိစစ်ရန်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထူးအလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်များအောင်မြင်စွာ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ရန်၊ အရေးကြီးသော တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ အစီရင်ခံတင်ပြအပ်ပါသည်။

ရည်ရွယ်ချက်

၂။       ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး  ဆိုင်ရာကော်မတီသို့ ရောက်ရှိလာသည့် မီးလင်းရေးကော်မတီများနှင့် မီးသုံးစွဲသူပြည်သူများအကြား ဖြစ်ပေါ်နေသော ပြဿနာများနှင့်ပတ်သက်ပြီး အကောင်းဆုံးနည်းဖြင့် ညှိနှိုင်းဖြေရှင်းပေးနိုင်ရန်၊ NEP စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များကို ပြည်သူများသိရှိနိုင်ပါရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်သော အလေ့အထများရရှိစေရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်းများကောင်းမွန်ပြီး ပြည်သူများအန္တရာယ်ကင်းစွာ သွားလာနိုင်ရန်၊ အိုးအိမ်များဖွံ့ဖြိုးတိုးတက်ပြီး ဆက်သွယ်ရေးလိုင်းများ တိုးတက် ကောင်းမွန်စေရန်နှင့် ပုဂ္ဂလိကယာဉ်လိုင်းများ စနစ်တကျပြေးဆွဲနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန်ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုပါရန်…………………….