ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၁/၂၀၂၀)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့်အစီရင်ခံစာ(၁/၂၀၂၀)

နိဒါန်း

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်  တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တောင်တန်း၊ မြေပြန့်၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ  အခွင့်အရေးများ တန်းတူညီမျှစွာရရှိရေး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးတို့သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင် လျက်ရှိသည့် နိုင်ငံသူ/နိုင်ငံသားများအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအချက်များဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအစိုးရလက်ထက်မှစတင်ကာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားများ၏ အရေးကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏အရေးကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ရန် အတွက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင်လည်း တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)တို့အရလည်းကောင်း၊ ၂၀၁၃ခုနှစ် ပဲခူးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၃၊၂၄၊၂၅ တို့အရလည်းကောင်း၊ ၂၀၁၄ခုနှစ် ပဲခူးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂၊ အပိုဒ်ခွဲ (က)၊ (ခ)တို့နှင့်အညီ ဖွဲ့စည်းထားရှိပါသည်။

ရည်ရွယ်ချက်

၂။       ဒုတိယအကြိမ် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီသည်  ပဲခူးတိုင်းဒေသကြီး အတွင်း နေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်း၊ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှုအနုပညာများတိုးတက်စေရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး တို့တွင် ပါဝင်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လိုအပ်ချက်များအား အစီရင်ခံ တင်ပြရန်ဖြစ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်………………………………