မီးလင်းရေးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်သည် ဇူလိုင်လ ၈ ရက်နေ့တွင် ပြည်မြို့နယ်၊ နတ္တလင်းအုပ်စု၊ နဖားအင်း ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည့် နဖားအင်းကျေးရွာမီးလင်းရေးကော်မတီညှိနှိုင်းအစည်းအဝေး
သို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်၊ မြို့နယ်မီးလင်းရေးကော်မတီကြီးကြပ်မှု အဖွဲ့ဝင်များ ဖြစ်သော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်အလုပ် အမှုဆောင်၊ ရပ်ကျေး ပါတီဝင်များ တက်ရောက်ခဲ့သည်။
ကျေးရွာ မီးလင်းရေးကော်မတီ၏ အသုံးစရိတ်ငွေစာရင်းရှင်းတမ်းအား အစည်းအဝေး တက်ရောက်သူ ရွာသူ/သားများကလက်ခံအတည်ပြုပေးခဲ့ကြောင်းသိရသည်။