တိုင်းရင်းသားကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာ ကော်မတီသည် ဇူလိုင်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ရေးရာကော်မတီ အစည်းအဝေး ခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် တင်သွင်းမည့် အစီရင်ခံစာနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ပြီးအစည်းအဝေးသို့ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ သည်။