အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပ

ဒုတိယအကြိမ် ပဲခူးတိုင်း ဒေသကြီး လွှတ်တော်အစိုးရ၏အာမခံချက်များ ကတိများ နှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည်သတ္တမအကြိမ်ကြားနာခြင်း တစ်စိတ် တစ်ပိုင်းဖြစ်သော မေးမြန်းဆွေးနွေးခြင်း အခမ်းအနားကို ဇူလိုင် ၇ ရက်နေ့နံနက် ၁၀ နာရီတွင် ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေး၌ ဒုတိယ ပုံမှန် အစည်းအဝေးမှ(၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး အထိ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှဆောင်ရွက်ရန်ကျန်သည့် အဆို၊မေးခွန်းများနှင့်ပတ်သက်၍ မေးမြန်း ဆွေးနွေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူ အကြီးအကဲများ၊ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ အကြံပေးများတက်ရောက်ခဲ့သည်။