အလုပ်သမားရေးရာကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ် သမားရေးရာကော်မတီသည် ဇွန်လ ၂၉ရက်နေ့၊ ၃၀ရက်နေ့နှင့် ဇူလိုင်လ ၃ ရက်နေ့ နံနက်၁၀ နာရီ အချိန်တွင် ပဲခူးတိုင်း‌ဒေသကြီးလွှတ်တော် ရေးရာ ကော်မတီ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း‌အစည်းအဝေးကျင်းပပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် ပဲခူးတိုင်း ဒေသကြီးလွှတ်တော်(၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် တင်သွင်းမည့် ကော်မတီ အစီရင်ခံစာအား ဆွေးနွေးခြင်းနှင့် ကော်မတီ တိုင်ကြားလာသော Myo Yadanar KhaingCo.,Ltd မှ အလုပ် သမားများ၏ လုပ်ခ အခ‌ကြေးငွေရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန်တိုင်ကြားစာနှင့်ပတ်သက်၍ဆွေး‌နွေးခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးလွှတ်တော် အလုပ်သမားရေးရာ အကြံပေး ဦးရဲနိုင်ဝင်းတို့ တက်ရောက်ခဲ့သည်။