သယံဇာတကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာကော်မတီသည် ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဇွန်လ၂၉ ရက်နေ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေး‌တွင် ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းတွင်ကော်မတီ  အနေဖြင့် အစီရင်ခံစာရေးသားတင်ပြနိုင်ရန် အတွက် ကော်မတီဥက္ကဋ္ဌမှ အဖွဲ့ဝင်များအား တာဝန်များအသီးသီး ခွဲဝေပေး အပ်ကာ ဇွန် ၃၀ ရက်နေ့မှ ဇူလိုင် ၃ ရက်နေ့ထိ အစီရင်ခံစာ အချိန်မီပြီးစီးနိုင်‌ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။