မေးမြန်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အစိုးရ၏အာမခံချက်များကတိ များနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် သတ္တမအကြိမ်ကြားနာခြင်း တစ်စိတ်တစ်ပိုင်း ဖြစ်သောမေးမြန်းဆွေးနွေးခြင်း အခမ်းအနားကို ဇွန်လ၃၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အစည်းအဝေး၌ ဒုတိယ ပုံမှန်အစည်းအဝေးမှ(၁၄)ကြိမ်မြောက် ပုံမှန်အစည်း အဝေးအထိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာနမှ ဆောင်ရွက် ရန် ကျန်သည့် အဆို၊ မေးခွန်းများနှင့်ပတ်သက်၍မေးမြန်းဆွေးနွေးခြင်းလုပ်ငန်းများအားဆောင်ရွက်ခဲ့သည်။
အစည်းအဝေးသို့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူအကြီးအကဲများ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ အကြံပေးများတက်ရောက်ခဲ့သည်။