ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု

ပဲခူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းစံသည် ဇွန်လ ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်သော Covid – 19(စီးပွားရေးကုစားမှုအစီအစဉ်) ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work စီမံကိန်းတင်ပြချက် ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပဲခူးရွာသစ်ရပ်ကွက် ကိုယ်ထူကိုယ်ထလမ်းအတွက် KMA ဖောင်ဒေး ရှင်းမှ လှူဒါန်းသော အလှူငွေ သိန်းနှစ်ဆယ်ကျပ် ကို လမ်းဖြစ်မြောက်ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။