ဝန်ထမ်းအိမ်ရာနှင့်စာသင်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု

ညောင်လေးပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးသည် ဇွန်လ ၂၈ ရက်နေ့တွင် မြို့နယ်တည်‌ဆောက် ရေးကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန် အ.လ.က (ခွဲ) ကျောင်း စာသင်ဆောင်၊ မြို့နယ်ပညာရေးမှူးရုံးဝန်ထမ်းအိမ်ရာနှင့် မအူတန်း အ.လ.က‌ ကျောင်း စာသင်‌ဆောင်များဆောက်လုပ်ပြီးစီးမှုကို လိုက်လံ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။