“စေတနာ့ ဝန်ထမ်း”များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲတက်ရောက်

မိုးညိုမြို့နယ် Covid-19 ကြိုတင်ကာကွယ်ရေးအစီစဉ်ဖြင့် ဆောင်ရွက်နေကြ သော”စေတနာ့ဝန်ထမ်း”(၂၉၇)ဦးအား ” အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်ဖွဲ့” ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ
ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ရင်ထိုးတံဆိပ်များပေးအပ်ပွဲအခမ်းနားကို ဇွန် ၃၀ ရက်နေ့တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားသို့ မိုးညိုမြို့နယ် မဲဆန္ဒနယ်အမှတ်၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကို၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများတက် ရောက်ခဲ့ကြသည်။