တွေ့ဆုံညှိနှိုင်း‌ဆွေးနွေးပွဲတက်ရောက်

တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးအေးမင်းဝင်းနှင့် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမိုးမခတို့သည်ဇွန်လ ၂၇ ရက်‌ နံနက် ၁၀ နာရီခွဲတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တောင်ငူ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပ ပြုလုပ်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝက်ခေါက်စိန် – ကညင်နီ
မြောင်လမ်းနှင့် စပါးကြွယ် – ဝသာလမ်း တစ်ကြောင်းထိုး လမ်းဖောက်လုပ် ခွင့်ရ တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ NEP စီမံကိန်းလုပ်ဆောင်ခွင့်ရ တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိ သူများနှင့်အတူ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် လမ်းဖောက်လုပ်ရာ၌ကြန့်ကြာနေသည့် ကိစ္စရပ်များ၊ ဌာနချင်း ညှိနှိုင်းပေါင်းစပ်ရန်ကိစ္စ၊ ကုမ္ပဏီ၏ အခက်အခဲများ၊ မီးလင်းရန် ကျန်နေသည့် ကျေးရွာများ ကိစ္စနှင့် လမ်းမီးများတပ်ဆင်ရန်ကြန့်ကြာနေမှု၊ ကုမ္ပဏီ၏ အခက် အခဲများ၊ ဌာနဆိုင်ရာများ၏ အခက်အခဲများနှင့် ဘက်ဂျက်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။