စာသင်ခုံများ အရည်အသွေးစစ်ဆေးလက်ခံရာတွင် ပူးပေါင်းဆောင်ရွက်

သနပ်ပင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်သည် ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီတွင် မြို့နယ် ပညာရေးမှုး ရုံး၌ စာသင်ခုံများ အရည်အသွေး စစ်ဆေးလက်ခံရာတွင် ပူးပေါင်းပါဝင် ဆောင် ရွက်ခဲ့သည်။

၂၀၁၉-၂၀ ခု ပညာရေးဝန်ကြီးဌာန အ‌ခြေခံပညာ ဦးစီးဌာန ဘတ်ဂျက်ဖြင့် သနပ်ပင် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ၂၀၂၀ -၂၀၂၁ ခု ကျောင်းဖွင့်ရာသီအတွင်း
စာသင်ခုံများဖြန့်ဝေထောက်ပံ့ရန် ရွှေမြင့်မိုရ်ကုမ္ပဏီသို့ အပ်နှံထားရှိရာ စာသင်ခုံ အနိမ့် ၃၃၀ ၊ စာသင်ခုံအမြင့် ၁၅၇ လုံး လာရောက်အပ်နှံခြင်းကို စာရေးခုံ ၊ ထိုင်ခုံနှင့် ပရိဘောဂအရည်အသွေး စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးလက်ခံခဲ့ခြင်း ဖြစ်သည်။

စာသင်ခုံများ စစ်ဆေး လက်ခံရာတွင် လွှတ်တော်ကိုယ်စားလှယ်နှင့်အတူမြို့နယ်ပညာရေးမှူးနှင့်အဖွဲ့ ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များပူးပေါင်းစစ်ဆေးလက်ခံခဲ့ကြကြောင်း သိရသည်။