မြေသားလမ်း ဖောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအေးမင်းဝင်းနှင့် မဲဆန္ဒနယ် အမှတ် ၂ ဦးမိုးမခတို့သည် ဇွန်လ၂၈ ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာမှ တာဝန် ရှိသူများ၊ တင်ဒါ အောင်ကုမ္ပဏီတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့နှင့် အတူ တောင်ငူမြို့နယ် ကျောက်လုံးကြီး- သဲတာလမ်း တစ်ကြောင်းထိုး မြေသားလမ်းဖောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လမ်းဖော်ဆောင်ရာတွင် ကြန့်ကြာနေရမှု၊ ကုမ္ပဏီနှင့် ဌာန၏အခက်အခဲများနှင့်ခြံပိုင်ရှင်အချို့အား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။