ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ထားမှု ကွင်းဆင်းကြည့်ရှု

တောင်ငူ မြို့နယ်မဲဆန္ဒနယ်မှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်းသည် ဇွန်လ ၂၈ ရက် ညနေ ၄ နာရီတွင် တောင်ငူ မြို့နယ် ဇီးဒိုင်းကျေးရွာအုပ်စု၊ မင်းလမ်းကူးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ထားမှု အခြေအနေအား တောင်ငူမြို့နယ် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်လှ၊ ဒေသခံများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ သည်။

အဆိုပါ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းမှာ လူထုတွေ့ဆုံပွဲတွင် ဒေသခံများမှ ကမ်းပါးပြိုကျ‌နေမှုအား ထိန်းသိမ်း လုပ်ဆောင်ပေးရန် တင်ပြလာသည့်အတွက် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။