ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်သည် ဇွန်လ ၂၈ ရက်နေ့ နံနက် ၉နာရီအချိန်က လက်ပံတန်းမြို့နယ်၊ စည်ပင်သာယာရေးရုံးတွင် မြို့နယ် သန့်ရှင်း သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို စည်ပင် ကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည်လက်ပံတန်းမြို့ ပြည်သူ့ပန်းခြံသို့ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။