ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာ ကော်မတီသည် မေလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ရေးရာကော်မတီ အစည်းအဝေး ခန်းမ၌ ကော်မတီသို့ရောက်ရှိလာသောတိုင်ကြားစာများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။