ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာ ကော်မတီသည် မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပဲခူးတိုင်း‌ဒေသကြီး လွှတ်တော် ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ‌ငွေစာရင်း များစိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပပြုလုပ်
ခဲ့သည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီး လွှတ်တော်စာရင်းစစ် အကြံပေး ဒေါ်သန်းသန်းဆင့်တို့ တက်ရောက်ခဲ့ကြသည်။