လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စည်ပင်သာယာရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ရေးရာကော်မတီအစည်းအဝေး ခန်းမ၌ မေလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့သည်။

ကော်မတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အကြံပေးတို့သည် မေလ ၁၈ ရက်နေ့တွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ၂၀၂၀ – ၂၀၂၁ ခုဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်ပတ်သက်၍
တွေ့ဆုံ ဆွေးနွေးပြီး မေလ ၁၉ ရက်နေ့ မှ ၂၂ရက်နေ့ အထိ စိစစ် အတည်ပြုပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေ စာရင်းကော်မတီသို့ ပေးပို့ခဲ့သည်။