ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမား ရေးရာကော်မတီသည် မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ တိုင်းဒေသကြီး လွှတ်တော် ရေးရာကော်မတီ အစည်းအဝေး ခန်းမ၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ/အဖွဲ့ဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီး လွှတ်တော် စာရင်းစစ် အကြံပေး၊ အင်ဂျင်နီယာ အကြံပေးများ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီး
ဌာနမှညွှန်ကြားရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။